ဧရာဝတီတိုင်းဒေသကြီးတွင် ဇွန်လ ၁၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်း၊ မိုင်တိုင် ၁၈/၀ နှင့် ၁၈/၁ ကြားရှိ (၁၀ ပေ) အုတ်စီကမ်းကပ်ခုံ RC Slab တံတားတစ်စင်း၏ Wing wall တစ်ဘက်ပြုတ်ထွက်ပျက်စီးကာ မြေသားတာဘောင်ပဲ့ကျမှု ဇွန်လ ၁၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ကတ္တရာလမ်းသား ထိခိုက်မှုမရှိသော်လည်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန် အချက်ပြပုံးများဖြင့် လမ်းတားဆီးထားရှိပြီး၊ လက်ရှိတွင် ပျက်စီးသွားသည့်နေရာအား အမြန်ဆုံးပြန်လည်ကောင်းမွန်စေရန် ဘက်ဟိုးနှင့် သဲ၊ မျောတိုင်သယ်ကားများ၊ လုပ်သားများအသုံးပြုကာ ယာယီတုတ်ရိုက်ပြုပြင်ခြင်းလုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဓနုဖြူ-ဇလွန်လမ်းရှိ တံတားတစ်စင်း Wing wall ပြုတ်ထွက်ပြီး တာဘောင်ပဲ့ကျမှုဖြစ်ပွား
Jun 15 • 8:03 AM
Myanmar
Ayeyarwady
Share
| 10 | 0 | 0 | 0 |


