back

တရုတ်နိုင်ငံ၌ ကျောင်းသား၊ ကျောင်းသူများ၏ အပြုအမူနှင့် အာရုံစူးစိုက်မှုကို စောင့်ကြည့်ရန် စာသင်ခန်းများတွင် AI ကင်မရာများ တပ်ဆင်လျက်ရှိ

Jun 15 • 8:02 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၌ ကျောင်းသား၊ ကျောင်းသူများ၏ အပြုအမူနှင့် အာရုံစူးစိုက်မှုကို စောင့်ကြည့်ရန် စာသင်ခန်းများတွင် AI ကင်မရာများ တပ်ဆင်လျက်ရှိ

တရုတ်နိုင်ငံသည် ပညာရေးဝန်ကြီးဌာန၏ မူဝါဒအရ စမတ်ကျောင်း (Smart Campuses) စီမံကိန်းကို အရှိန်မြှင့်တွန်းအားပေးလျက်ရှိရာ လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ အလယ်တန်းကျောင်...

တရုတ်နိုင်ငံသည် ပညာရေးဝန်ကြီးဌာန၏ မူဝါဒအရ စမတ်ကျောင်း (Smart Campuses) စီမံကိန်းကို အရှိန်မြှင့်တွန်းအားပေးလျက်ရှိရာ လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ အလယ်တန်းကျောင်း ၆၈ ရာခိုင်နှုန်းခန့်၌ ကျောင်းသားများနှင့် ဆရာများ၏ အပြုအမူ၊ ကျောင်းတက်မှုနှင့် အာရုံစူးစိုက်မှုတို့ကို အချိန်နှင့်တပြေးညီ ခြေရာခံခွဲခြမ်းစိတ်ဖြာနိုင်မည့် ဉာဏ်ရည်တု AI စမတ်ကင်မရာများကို စာသင်ခန်းများတွင် စတင်တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်သည် ကျောင်းသားများ၏ တက်ရောက်မှုနှုန်း၊ စာသင်ခန်းအတွင်း ပါဝင်လှုပ်ရှားမှုနှင့် အပြန်အလှန်ဆက်သွယ်မှုအဆင့်များကို ကျောင်းအုပ်ချုပ်ရေးမှူးများက နောက်ကွယ်မှ အနီးကပ်စောင့်ကြည့်နိုင်စေရန် ကူညီပေးမည့်အပြင်၊ နိုင်ငံတော်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင်လည်း စာခိုးချမှုနှင့် ပုံမှန်မဟုတ်သော အပြုအမူများကို ထောက်လှမ်းကာကွယ်ရန်အတွက် ဤ AI စောင့်ကြည့်ရေးစနစ်များကို လုံခြုံရေးဂိတ်များနှင့် တွဲဖက်အသုံးပြုလျက်ရှိကြောင်း သိရသည်။

news-view-count-icon

5