အမေရိကန်ပြည်ထောင်စုသည် ၁၈ လကြာ ရာထူးလစ်လပ်နေခဲ့သော အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အာရှရေးရာ ကျွမ်းကျင်သူ ဝါရင့်သံတမန် ကီဗင်ကင်မ်ကို တရားဝင်ခန့်အပ်လိုက်ရာ ၎င်းသည် ဇွန်လ ၁၁ ရက်နေ့က ဂျကာတာမြို့ရှိ အာဆီယံရုံးချုပ်၌ အာဆီယံအတွင်းရေးမှူးချုပ် ကောကင်မ်ဟွန်းထံ ခန့်အပ်လွှာ ပေးအပ်ခဲ့ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ဖော်ပြချက်အရ သိရသည်။ ဇွန်လ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုထံ ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် သံအမတ်ကြီး ကီဗင်ကင်မ်က ရာထူးလစ်လပ်နေမှုကြောင့် ဖြစ်ပေါ်ခဲ့ရသော ဒေသတွင်း မိတ်ဖက်များ၏ စိုးရိမ်မှုများကို ဖြေဖျောက်ရန်အတွက် အာဆီယံဗဟိုပြုမှုကို ဝါရှင်တန်အနေဖြင့် မယိမ်းမယိုင် ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး၊ ဒေသတွင်း ပိုမိုဘေးကင်းလုံခြုံကာ ကြွယ်ဝသော အနာဂတ်ကို အတူတကွ တည်ဆောက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
Jun 15 • 8:02 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


