back

MAEX ကုမ္ပဏီမှ ကျောင်းသား၊ ကျောင်းသူ ၅၈၄ ဦးအတွက် ကျပ် ၅၈ မိုင်လီယံကျော် တန်ဖိုးရှိ ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ကြေးများ ပေးအပ်

Jun 15 • 8:00 AM

breaking-news

Myanmar

Local

cover

MAEX ကုမ္ပဏီမှ ကျောင်းသား၊ ကျောင်းသူ ၅၈၄ ဦးအတွက် ကျပ် ၅၈ မိုင်လီယံကျော် တန်ဖိုးရှိ ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ကြေးများ ပေးအပ်

မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (MAEX) မှ ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပဉ္စမအကြိမ်မြောက် ကျောင်းသုံးပစ္စည်းများနှင့် ပညာ...

မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (MAEX) မှ ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပဉ္စမအကြိမ်မြောက် ကျောင်းသုံးပစ္စည်းများနှင့် ပညာရေးထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၁၄ ရက် (ယနေ့) နံနက်ပိုင်းက တညင်းကုန်းလက်ကားဈေးကြီး ရှင်းလင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုတွင် ဈေးသူဈေးသားများ၊ ကုန်တင်ကုန်ချ၊ လုံခြုံရေး၊ ဘေးတွဲနှင့် တုတ်တုတ်မောင်းသူများအပြင် ကုမ္ပဏီဝန်ထမ်းမိသားစုများ၏ ကျောင်းနေအရွယ် သားသမီးများဖြစ်ကြသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၈၄ ဦးအား ပညာသင်ကြားခွင့် တန်းတူရရှိစေရန် ရည်ရွယ်၍ ကျောင်းသုံးဗလာစာအုပ်၊ ကျောပိုးအိတ်၊ ရေဘူး၊ ထမင်းဘူးများနှင့် ကျောင်းဝတ်စုံဖိုး ထောက်ပံ့ကြေးငွေများကို သတ်မှတ်နှုန်းထားများအလိုက် ခွဲဝေပေးအပ်ခဲ့ရာ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေကျပ် ၅၈,၈၀၅,၂၀၀ ဖြစ်ကြောင်း သိရသည်။

news-view-count-icon

18