ရန်ကုန်တိုင်းဒေသကြီး၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co., Ltd သံရည်ကျိုစက်ရုံ (မြေကွက်အမှတ် ၅၂/၅၃) သည် လျှပ်စစ်မီတာကို အားမသမာသောနည်းဖြင့် ဖွင့်လှစ်ပြုပြင်ကာ တရားမဝင် ဓာတ်အားခိုးယူသုံးစွဲခဲ့သဖြင့် ဇွန်လ ၁၁ ရက်တွင် လျှပ်စစ်ဥပဒေဖြင့် အမှုဖွင့်အရေးယူခံလိုက်ရကြောင်း သိရသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဝင်ရောက်စစ်ဆေးမှုအရ ၎င်းစက်ရုံသည် လျှပ်စစ်ဓာတ်အားယူနစ် ၅,၀၆၈,၈၀၀ (ငါးသန်းခြောက်သောင်းရှစ်ထောင်ရှစ်ရာ) အထိ ခိုးယူသုံးစွဲခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သန်း ၄,၅၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းစက်ရုံ၏ လျှပ်စစ်မီတာကို ချက်ချင်းပိတ်သိမ်းထားပြီး၊ ဆုံးရှုံးမှုများ ပြန်လည်ရရှိရေးနှင့် လုပ်ငန်းရှင်ကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မှော်ဘီမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



