ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အားသွန်ခွန်စိုက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ပြိုင်ပွဲဝင်အသင်းသစ်တစ်ခုဖြစ်သော ရတနာပုံအမျိုးသမီးအက်ဖ်စီအသင်းသည် မြန်မာ့အမျိုးသမီးဘောလုံးလောကတွင် အအောင်မြင်ဆုံးနှင့် ဂိုးသွင်းအများဆုံးဖြစ်သည့် မြန်မာ့လက်ရွေးစင် ထိပ်တန်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ ရတနာပုံအသင်းအနေဖြင့် ၎င်းအား အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဝင်းသိင်္ဂီထွန်းသည် အသင်းတွင် ကျောနံပါတ် (၇) ဝတ်ဆင်၍ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံအမျိုးသမီးအသင်းက မြန်မာ့ထိပ်တန်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို အသင်းခေါင်းဆောင်အဖြစ် ခေါ်ယူ
Jun 15 • 7:58 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


