တောင်ကိုရီးယားနိုင်ငံတွင် K-pop နှင့် "K-Pop Demon Hunters" စသည့် K-content များ ကမ္ဘာ့ရေပန်းစားနေမှုနှင့် ဝမ်ငွေတန်ဖိုးကျဆင်းမှုတို့ကြောင့် ယခုနှစ် (ဇန်နဝါရီ-မေ) ၅ လအတွင်း နိုင်ငံခြားသားဝင်ရောက်မှုသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၂၀.၄ ရာခိုင်နှုန်း (၁.၅၂ သန်းကျော်) သိသိသာသာ ခုန်တက်သွားပြီး စုစုပေါင်း ၉.၀၁ သန်းအထိ ရှိလာကြောင်း အင်ချွန်းလေဆိပ်လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။ ယခုနှစ်တွင် ပြည်ပခရီးသွားဝင်ရောက်မှုနှုန်း သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်နိုင်ရန် မျှော်မှန်းထားသည်။ နွေဦးခရီးသွားရာသီဖြစ်ခြင်းအပြင်၊ ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများအတွင်း ဆိုးလ်မြို့ Gwanghwamun ဧရိယာ၌ ကျင်းပခဲ့သည့် BTS ဆိုင်ရာပွဲစဉ်များအတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုနှုန်း ၂၆ ရာခိုင်နှုန်းခန့်အထိ ပိုမိုမြင့်တက်ခဲ့သည်။
တောင်ကိုရီးယား၌ K-Content ကြောင့် ယခုနှစ်ပထမ ၅ လအတွင်း ပြည်ပခရီးသွားဝင်ရောက်မှု ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်
Jun 15 • 6:37 AM
South Korea
Local News
Share
| 6 | 0 | 0 | 0 |


