back

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကို မီးမောင်းထိုးပြ

Jun 15 • 1:50 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကို မီးမောင်းထိုးပြ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် "ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု" ခေါင်းစဉ်ဖြင့် ၁၀ ကြိမ်...

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် "ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု" ခေါင်းစဉ်ဖြင့် ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲကို ဇွန်လ ၁၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသတွင်း ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို အလေးပေးဖော်ပြခဲ့သည်။ ပြပွဲတွင် အစိမ်းရောင်စွမ်းအင်၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကော်ဖီလုပ်ငန်းအပါအဝင် ကဏ္ဍစုံလွှမ်းခြုံထားသည့် ပြခန်းပေါင်း ၁၃ ခု ပါဝင်သည်။အထူးသဖြင့် စတုရန်းမီတာ ၁၀,၀၀၀ ခန့် ကျယ်ဝန်းသည့် အစိမ်းရောင်စွမ်းအင်ပြခန်းဧရိယာ၌ လာရောက်ကြည့်ရှုသူများအနေဖြင့် ဒစ်ဂျစ်တယ်စစ်ဆေးခြင်း၊ ဒရုန်းကင်းလှည့်ခြင်း၊ ဉာဏ်ရည်တု (AI) ဖြင့် လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ကဲ့သို့သော စွမ်းအင်သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှုများကို ဒစ်ဂျစ်တယ်မြေပြင်ပြကွက်များ၊ စမတ်လုပ်ငန်းခွင်ပုံတူများနှင့် ပုံရိပ်ယောင်စမ်းသပ်မှုများမှတစ်ဆင့် စိတ်ဝင်စားဖွယ် လေ့လာနိုင်ကြကြောင်း သိရသည်။


news-view-count-icon

9