back

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အနီး အင်အား ၃.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ခတ်

Jun 15 • 1:37 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အနီး အင်အား ၃.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ခတ်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ (၀၉) မိနစ် (၄၁) စက္ကန့်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသ...

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ (၀၉) မိနစ် (၄၁) စက္ကန့်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ မြေငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၁၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဒဂုံမြို့သစ်၏ အရှေ့-အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၈၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၈) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ပမာဏ ၃.၁ (Magnitude) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုအဖြစ် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း တိုင်းထွာရရှိထားသည်။

news-view-count-icon

23