ရန်ကုန်မြို့တွင်း၌ လမ်းဘေးဈေးသည်များနှင့် စားသောက်ဆိုင်အချို့ ပိတ်ထားခြင်း၊ နေရာပြောင်းရွှေ့ခြင်းတို့ကြောင့် ရုံးဝန်ထမ်းများနှင့် လမ်းဘေးစားသုံးသူများ နေ့လယ်စာအတွက် အခက်တွေ့နေရပြီး အွန်လိုင်းထမင်းဟင်းရောင်းချသူများနှင့် ထမင်းချိုင့်ဝန်ဆောင်မှုများ ယခုရက်ပိုင်းအတွင်း အဝယ်တက်နေကြောင်း သိရသည်။ လက်ရှိတွင် အခြေခံအွန်လိုင်းထမင်းဘူးတစ်ဘူးလျှင် ၃,၀၀၀ ကျပ်မှ ၄,၀၀၀ ကျပ်ဝန်းကျင် ရှိပြီး၊ အသားဟင်းအကောင်းများဆိုပါက ၅,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်အထိ ရှိကာ ရုံးဖွင့်ရက်များအတွက် တစ်လစာ နေ့လယ်စာထမင်းချိုင့်ခမှာ ကျပ် ၆၀,၀၀၀ မှ ၉၀,၀၀၀ ဝန်းကျင်အထိ ရှိသည်။ ၎င်းအပြင် အစားအသောက်မှာယူမှု မြင့်တက်လာခြင်းကြောင့် GrabFood နှင့် Foodpanda ကဲ့သို့သော Delivery ပလက်ဖောင်းများနှင့် ပို့ဆောင်ရေးအလုပ်သမားများပါ အလုပ်ပိုမိုဖြစ်ထွန်းနေသော်လည်း စက်သုံးဆီဈေးနှင့် ကုန်ဈေးနှုန်းကြောင့် ပို့ဆောင်ခကြီးမြင့်ခြင်း၊ အချိန်မတိကျခြင်းနှင့် ချက်ချင်းအလွယ်တကူ ဝယ်မရခြင်းတို့မှာ စားသုံးသူများနှင့် လုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း လမ်းဘေးဆိုင်များ မရှိတော့သဖြင့် အွန်လိုင်းထမင်းဘူးနှင့် ထမင်းချိုင့်များ အဝယ်တက်လာ
Jun 14 • 4:51 AM
Myanmar
Yangon
Share
| 42 | 0 | 0 | 0 |


