back

ဂျပန်၌ ခရစ်ပတိုငွေကြေးများကို စတော့ရှယ်ယာများကဲ့သို့ တရားဝင်ထိန်းကျောင်းကြပ်မတ်မည့် ဥပဒေကြမ်းကို ဂျပန်အောက်လွှတ်တော် အတည်ပြု

Jun 14 • 4:53 AM

breaking-news

Japan

Local News

cover

ဂျပန်၌ ခရစ်ပတိုငွေကြေးများကို စတော့ရှယ်ယာများကဲ့သို့ တရားဝင်ထိန်းကျောင်းကြပ်မတ်မည့် ဥပဒေကြမ်းကို ဂျပန်အောက်လွှတ်တော် အတည်ပြု

ဂျပန်နိုင်ငံတွင် ခရစ်ပတို (Crypto) စျေးကွက် ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများအား ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ...

ဂျပန်နိုင်ငံတွင် ခရစ်ပတို (Crypto) စျေးကွက် ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများအား ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ခရစ်ပတိုငွေကြေးများကို စတော့ရှယ်ယာများကဲ့သို့ တရားဝင် ဘဏ္ဍာရေးကိရိယာ (Financial Instruments) အဖြစ် သတ်မှတ်ထိန်းကျောင်းမည့် ဥပဒေကြမ်းကို ဇွန်လ ၁၁ ရက် (ကြာသပတေးနေ့) တွင် ဂျပန်အောက်လွှတ်တော်က အတည်ပြုလိုက်သည်။ ယခုဥပဒေကြမ်းအရ ယခင်က ခရစ်ပတိုရင်းနှီးမြှုပ်နှံမှုမှ ရရှိသော အမြတ်ငွေအပေါ် အမြင့်ဆုံး ၅၅ ရာခိုင်နှုန်းအထိ စည်းကြပ်ခဲ့သည့် အမြတ်ခွန် (Capital Gains Tax) ကို စတော့ ၂၀ ရာခိုင်နှုန်း ပုံသေနှုန်းထားသို့ သိသိသာသာ လျှော့ချပေးသွားမည် ဖြစ်ပြီး၊ ယင်းအခွန်သက်သာခွင့်သည် လာမည့် ၂၀၂၈ ခုနှစ်တွင် စတင်အကျုံးဝင်ရန် မျှော်မှန်းထားသည်။ ထို့ပြင် ဥပဒေအသစ်တွင် ခရစ်ပတိုစျေးကွက်အတွင်း မသမာသောနည်းဖြင့် အတွင်းသတင်းသုံး ကုန်သွယ်ခြင်း (Insider Trading) ကို တင်းကျပ်စွာ တားမြစ်ပိတ်ပင်ပြီး ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်များ ချမှတ်သွားမည့်အပြင် လိုင်စင်မဲ့ ခရစ်ပတိုရောင်းချသူများကိုလည်း အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ တိုးမြှင့်အရေးယူသွားမည်ဖြစ်သည်။ ယခုဥပဒေ ပြင်ဆင်ချက်ကြောင့် ခရစ်ပတိုအခြေပြု ETF ကဲ့သို့သော ဘဏ္ဍာရေးထုတ်ကုန်အသစ်များ ပေါ်ထွက်လာရန် လမ်းပွင့်သွားသော်လည်း ယန်းငွေကျောထောက်နောက်ခံပြု Stablecoins များကိုမူ ယခုဥပဒေတွင် ထည့်သွင်းထားခြင်းမရှိဘဲ သီးခြားငွေပေးချေမှုဆိုင်ရာ ဥပဒေဖြင့်သာ ဆက်လက်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

6