back

တေလာဆွစ်ဖ်၏ ဖယောင်းရုပ်တုကို စင်ကာပူမဒမ်တူးဆော့ဒ်ပြတိုက်၌ လာမည့်ဇွန်လကုန်တွင် ပြသမည်ဖြစ်

Jun 14 • 3:53 AM

breaking-news

Singapore

Local News

cover

တေလာဆွစ်ဖ်၏ ဖယောင်းရုပ်တုကို စင်ကာပူမဒမ်တူးဆော့ဒ်ပြတိုက်၌ လာမည့်ဇွန်လကုန်တွင် ပြသမည်ဖြစ်

အမေရိကန် ပေါ့ပ်စတား တေလာဆွစ်ဖ် (Taylor Swift) ၏ ဖယောင်းရုပ်တုကို လာမည့် ဇွန်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ စင်ကာပူနိုင်ငံ၊ စန်တိုဆာကျွန်းရှိ မဒမ်တူးဆော့ဒ်...

အမေရိကန် ပေါ့ပ်စတား တေလာဆွစ်ဖ် (Taylor Swift) ၏ ဖယောင်းရုပ်တုကို လာမည့် ဇွန်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ စင်ကာပူနိုင်ငံ၊ စန်တိုဆာကျွန်းရှိ မဒမ်တူးဆော့ဒ် (Madame Tussauds) ပြတိုက်တွင် ပြသသွားမည်ဖြစ်ရာ ပရိသတ်များအနေဖြင့် ဓာတ်ပုံတွဲရိုက်ခွင့် ရရှိတော့မည်ဖြစ်သည်။ အဆိုပါ ဖယောင်းရုပ်တုသည် တေလာဆွစ်ဖ်၏ အောင်မြင်ကျော်ကြားလှသည့် "Eras Tour" ဖျော်ဖြေပွဲအတွင်း "Lover" အပိုင်း၌ ဝတ်ဆင်ခဲ့သော Versace အမှတ်တံဆိပ် ပန်းရောင်၊ အပြာရောင်နှင့် ငွေရောင်စပ် ကိုယ်ကျပ်ဝတ်စုံ (Leotard) ပုံတူကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ယခုပြသမည့် ရုပ်တုသည် ကမ္ဘာတစ်ဝန်းရှိ မဒမ်တူးဆော့ဒ်ပြတိုက်များတွင် ခင်းကျင်းပြသရန်အတွက် ၂၀၂၅ ခုနှစ်က တစ်ပြိုင်နက်တည်း ထုတ်လုပ်ခဲ့သော တေလာဆွစ်ဖ်၏ ဖယောင်းရုပ်တု ၁၃ ခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

news-view-count-icon

11