back

ပြည်တွင်း၌ မိုးတွင်းကာလ ညဘက်လမ်းလုံခြုံရေးအတွက် လူငယ်ရှာရခက်သဖြင့် အသက်ကြီးသူများကို ခန့်အပ်နေရ

Jun 14 • 3:52 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ မိုးတွင်းကာလ ညဘက်လမ်းလုံခြုံရေးအတွက် လူငယ်ရှာရခက်သဖြင့် အသက်ကြီးသူများကို ခန့်အပ်နေရ

လက်ရှိမိုးရာသီကာလအတွင်း ရန်ကုန်အပါအဝင် မြို့ကြီးအချို့ရှိ ရပ်ကွက်များနှင့် လမ်းများတွင် ညဘက် နေအိမ်ဖောက်ထွင်းခြင်းနှင့် မော်တော်ယာဉ်ဘေးမှန်များ ဖြုတ်ခိုးခြင်းစသ...

လက်ရှိမိုးရာသီကာလအတွင်း ရန်ကုန်အပါအဝင် မြို့ကြီးအချို့ရှိ ရပ်ကွက်များနှင့် လမ်းများတွင် ညဘက် နေအိမ်ဖောက်ထွင်းခြင်းနှင့် မော်တော်ယာဉ်ဘေးမှန်များ ဖြုတ်ခိုးခြင်းစသည့် ရာဇဝတ်မှုများ စိပ်လာသဖြင့် ကိုယ်ပိုင်အစီအစဉ်ဖြင့် ညဘက်ကင်းစောင့် လုံခြုံရေးဝန်ထမ်းများ ခေါ်ယူရာတွင် လူငယ်များခေါ်မရဘဲ အသက် (၆၀) မှ (၇၀) ကြား အငြိမ်းစားဝန်ထမ်းဟောင်းများကိုသာ ခန့်ထားရကြောင်း သိရသည်။ မိုးရွာသော ညပိုင်းများတွင် အုပ်စုဖွဲ့ လုယက်ခိုးယူမှုများ ရှိနေသဖြင့် လမ်းတစ်လမ်းလျှင် ထိပ်၊ ဆုံးနှင့် လမ်းလယ်တို့တွင် အနည်းဆုံး လုံခြုံရေးဝန်ထမ်း ၄ ဦးမှ ၆ ဦးအထိ ချထားရသော်လည်း မိုးရာသီညဉ့်နက်ပိုင်း လုံခြုံရေးယူရန်အတွက် လူငယ်ဝန်ထမ်း ရှာဖွေရခက်ခဲခြင်းကြောင့် ကျန်းမာသန်စွမ်းသည့် အသက်ကြီးပိုင်းများကိုသာ အားကိုးခန့်အပ်နေရခြင်း ဖြစ်သည်။

news-view-count-icon

64