တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ (EU) နှင့် ဖြစ်ပွားနေသော စီးပွားရေးနှင့် ကုန်သွယ်ရေး အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ပွင့်လင်းမြင်သာစွာ ဖြေရှင်းလိုပြီး၊ EU အနေဖြင့်လည်း လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ဂျန့်က ဇွန်လ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ဥရောပသမဂ္ဂက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေပြီး ကုမ္ပဏီများအနေဖြင့် ထောက်ပံ့ရေးကွင်းဆက်များတွင် အလွန်အကျွံမှီခိုမှုကို ရှောင်ရှားရန် ဖိအားပေးမည့် အဆိုပြုချက်အပေါ် တရုတ်ဘက်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။တရုတ်နှင့် ဥရောပအကြား စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များသည် ဈေးကွက်အင်အားစုနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အပြန်အလှန် အမှီပြုနေခြင်းဖြစ်ပြီး နှစ်ဖက်စလုံးကို အကျိုးပြုနေကြောင်း၊ ဥရောပကုမ္ပဏီများသည် ကုန်ကျစရိတ်နှင့် နည်းပညာအပေါ်မူတည်၍ ရွေးချယ်ခြင်းဖြစ်သဖြင့် "အလွန်အကျွံ မှီခိုမှု" ဟု ပြော၍မရကြောင်း ၎င်းက ထောက်ပြသည်။ထို့ပြင် EU ၏ အဆိုပါအစီအမံသည် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ (Protectionism) သာဖြစ်ပြီး ဥရောပစက်မှုလုပ်ငန်းကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေမည်မဟုတ်သည့်အပြင် လွတ်လပ်သောကုန်သွယ်ရေးမူဝါဒများနှင့် ဆန့်ကျင်နေကြောင်း၊ တရုတ်-EU ကုန်သွယ်ရေးသည် တစ်ဖက်ရှုံးမှ တစ်ဖက်နိုင်ရမည့် ပွဲမျိုးမဟုတ်ဘဲ အတူတကွ အောင်မြင်နိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက စီးပွားရေးနှင့် ကုန်သွယ်ရေး အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းရန် EU ကို တိုက်တွန်း
Jun 10 • 1:50 AM
China
Local News
Share
| 13 | 0 | 0 | 0 |


