ဂျပန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တရုတ်နိုင်ငံကို ချန်လှပ်၍ ပင်လယ်ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ စတင်ရန် လုပ်ဆောင်နေပြီး၊ ယင်းမှာ တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ဂျန့်က ဇွန်လ ၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်း၏ အရှေ့ဘက်ရေပြင်တွင် သီးသန့်စီးပွားရေးဇုန် (EEZ) နှင့် တိုက်၏ကမ်းဦးရေတိမ်ပိုင်း (Continental Shelf) တို့ ရှိထားပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ထို့ကြောင့် ဂျပန်နှင့် ဖိလစ်ပိုင်တို့၏ ယခုလုပ်ဆောင်ချက်သည် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) အပါအဝင် နိုင်ငံတကာဥပဒေများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အခြေခံစံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ထောက်ပြခဲ့သည်။



