back

ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ ဇွန်လ ၁၅ ရက်မှစတင်၍ တစ်ပတ်လျှင် ၁၀ ကြိမ်အထိ တိုးချဲ့ပြေးဆွဲမည်

Jun 09 • 1:42 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ ဇွန်လ ၁၅ ရက်မှစတင်၍ တစ်ပတ်လျှင် ၁၀ ကြိမ်အထိ တိုးချဲ့ပြေးဆွဲမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ တစ်ပတ်လျှင် ၁၀ ကြိမ်အ...

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ တစ်ပတ်လျှင် ၁၀ ကြိမ်အထိ တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းများထံမှ သိရသည်။ကွမ်ကျိုး-ရန်ကုန် ခရီးစဉ်ကို လက်ရှိတွင် နေ့စဉ် (တစ်ပတ်လျှင် ၇ ကြိမ်) ပျံသန်းပြေးဆွဲပေးနေသည့် China Southern Airlines သည် လာမည့် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ခရီးစဉ်အသစ်များ ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ခရီးစဉ်သစ်များ ထပ်မံဖြည့်စွက်လိုက်ပြီးနောက် ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် စုစုပေါင်း ၁၀ ကြိမ်အထိ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

54