back

တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး အဆင့်မြှင့်တင်ရန် သမ္မတရှီ မျှော်မှန်း

Jun 09 • 1:32 AM

breaking-news

China

Local News

cover

တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး အဆင့်မြှင့်တင်ရန် သမ္မတရှီ မျှော်မှန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၈ ရက်မှ ၉ ရက်အထိ သွားရောက်မည့် ၇ နှစ်အတွင်း ပထမဆုံး မြောက်ကိုရီးယား ခရီးစဉ်မတိုင်မီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၈ ရက်မှ ၉ ရက်အထိ သွားရောက်မည့် ၇ နှစ်အတွင်း ပထမဆုံး မြောက်ကိုရီးယား ခရီးစဉ်မတိုင်မီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ဘက်စုံတိုးတက်ရေးအတွက် ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးရန် မျှော်မှန်းထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ရိုဒုံရှင်မွန်သတင်းစာပါ ဆောင်းပါးတွင် ပြောကြားခဲ့သည်။ သမ္မတရှီက တရုတ်နှင့် မြောက်ကိုရီးယားသည် ဘုံအနာဂတ်တူညီသည့် ဆိုရှယ်လစ်အိမ်နီးချင်းများဖြစ်ပြီး နိုင်ငံတကာအခင်းအကျင်း မည်သို့ပြောင်းလဲစေကာမူ နှစ်နိုင်ငံချစ်ကြည်ရေးမှာ ချိုးဖျက်၍မရကြောင်း၊ ၎င်းတို့နှစ်ဦး ၆ ကြိမ်တိုင် တွေ့ဆုံကာ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကြောင်း ဆိုသည်။ ထို့ပြင် အဆင့်မြင့်အလွှာ ညှိနှိုင်းမှုများသည် လက်ရှိဆက်ဆံရေးအတွက် အရေးပါပြီး နိုင်ငံအချုပ်အခြာအာဏာ ကာကွယ်ရေး၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေရှည်တည်ငြိမ်အေးချမ်းရေးတို့အတွက် အတူတကွ ပူးပေါင်းကြိုးပမ်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

news-view-count-icon

10