ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ပထုမ်ဝမ်ခရိုင် (Pathum Wan) အတွင်းရှိ နန်ဟုန်တူးမြောင်း (Nang Hong Canal) အနီး နေအိမ်ထူထပ်သော ရပ်ကွက်တစ်ခုတွင် ဇွန်လ ၈ ရက် နံနက် ၈ နာရီကျော်က မီးလောင်မှုအပြင်းအထန် ဖြစ်ပွားခဲ့ရာ နေအိမ် ၆၀ နီးပါး ပြာကျပျက်စီးခဲ့ကြောင်း သိရသည်။ လေတိုက်နှုန်းနှင့် အဆောက်အအုံ တည်ဆောက်ပုံများကြောင့် မီးကူးစက်မှု မြန်ဆန်ခဲ့သဖြင့် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့များက ၃ နာရီကျော်ကြာ အပြင်းအထန် ငြှိမ်းသတ်ခဲ့ရသည်ဟုသိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိသော်လည်း မီးခိုးမွှန်ခြင်းနှင့် ဒဏ်ရာအနည်းငယ်ရရှိသူ ၃ ဦးရှိခဲ့ကာ အာဏာပိုင်များက မီးဘေးသင့်ပြည်သူများအတွက် ယာယီခိုလှုံရာစခန်း ချက်ချင်းဖွင့်လှစ်ပေးထားပြီး လက်ရှိတွင် အိမ်ထောင်စု ၅၀ ကျော် စာရင်းပေးသွင်းထားကြောင်း သိရသည်။ မီးလောင်ရသည့် အကြောင်းရင်းမှန်ကို တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။


ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ မြန်မာနိုင်ငံသားအများစု နေထိုင်ရာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၆၀ နီးပါး ပျက်စီး
Jun 09 • 1:44 AM
Thailand
Local News
Share
| 18 | 0 | 0 | 0 |


