back

ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကစားသမားအချို့ ပရိသတ်များနှင့်အတူ ညလုံးပေါက် အောင်ပွဲခံ

May 21 • 2:14 AM

breaking-news

Myanmar

International

cover

ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကစားသမားအချို့ ပရိသတ်များနှင့်အတူ ညလုံးပေါက် အောင်ပွဲခံ

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည့် အာဆင်နယ်အသင်း၏ ကစားသမားအချို့သည် မနေ့ညက အမ်းမရိတ်စ်ကွင်းအပြင်ဘက်တွင် ပရိသတ်များနှင့်အတူ မိုးလင်းပေါက် အောင်ပွဲခံခ...

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည့် အာဆင်နယ်အသင်း၏ ကစားသမားအချို့သည် မနေ့ညက အမ်းမရိတ်စ်ကွင်းအပြင်ဘက်တွင် ပရိသတ်များနှင့်အတူ မိုးလင်းပေါက် အောင်ပွဲခံခဲ့ကြကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။ အာဆင်နယ်အသင်းသားများသည် ဘုန်းမောက်နှင့် မန်စီးတီးတို့၏ ပွဲစဉ်များကို အတူကြည့်ရှုခဲ့ကြပြီးနောက် အာဆင်နယ်အသင်း ချန်ပီယံဖြစ်သွားခဲ့သဖြင့် လေ့ကျင့်ရေးကွင်း၌ စတင်အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။ထို့နောက် ကစားသမားအချို့သည် အမ်းမရိတ်စ်ကွင်းပြင်ပ၌ စုဝေးနေသည့် ပရိသတ်များနှင့် သွားရောက်ပူးပေါင်းခဲ့ကာ မနက် ၅ နာရီဝန်းကျင်အထိ ပျော်ပါးခဲ့ကြသည်။ အသင်း၏ ကွင်းလယ်လူ အက်ဇေး (Eberechi Eze) ၏ လူမှုကွန်ရက်ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါ အောင်ပွဲခံမှုတွင် ဒက်ကလန်ရိုက်စ်၊ တင်ဘာ၊ ဆာကာနှင့် အသင်းခေါင်းဆောင် အော်ဒီဂွါတို့ ပါဝင်ခဲ့ကြောင်း သိရသည်။ နည်းပြဖြစ်သူ အာတေတာကမူ ၎င်းပွဲစဉ်ကို နေအိမ်၌ မိသားစုနှင့်အတူသာ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

news-view-count-icon

26