back

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်များလဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွား

May 21 • 2:13 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်များလဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မေလ ၂၀ ရက် ညနေ ၄ နာရီ ၂၅ မိနစ်အချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ စ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မေလ ၂၀ ရက် ညနေ ၄ နာရီ ၂၅ မိနစ်အချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းရှေ့၊ အ.ထ.က ကျောင်းရှေ့နှင့် စာတိုက်ရုံးရှေ့တို့တွင် သစ်ပင်များလဲကျကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ သစ်ပင်လဲကျမှုများကြောင့် လမ်းပိတ်ဆို့နေသည့် နေရာများသို့ ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းသွားရောက်ကာ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မှီ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

16