၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးထားသည့် အာဆင်နယ်အသင်းသည် ဆုဖလားနှင့်အတူ လန်ဒန်မြို့အတွင်း ပရိသတ်များနှင့် လှည့်လည်အောင်ပွဲခံမည့် အခမ်းအနားကို လာမည့် မေလ ၃၁ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။အာဆင်နယ်အသင်းသည် မေလ ၃၀ ရက်နေ့တွင် ပီအက်စ်ဂျီ (PSG) အသင်းနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရန် ရှိနေသောကြောင့် အဆိုပါပွဲစဉ်အပြီး နောက်တစ်ရက်ဖြစ်သည့် မေလ ၃၁ ရက်နေ့ကို အောင်ပွဲခံရက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ အာဆင်နယ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလားကိုပါ ထပ်မံဆွတ်ခူးနိုင်ခဲ့ပါက ပရီးမီးယားလိဂ်ဖလားနှင့်အတူ 'ဖလားနှစ်လုံးချန်ပီယံ' (Double Champions) အဖြစ် ပိုမိုစည်ကားသိုက်မြိုက်စွာ အောင်ပွဲခံခွင့်ရရှိမည် ဖြစ်သည်။
May 21 • 2:15 AM
Myanmar
International
Share
| 47 | 0 | 0 | 0 |


