ထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တစ်ပြက်ရေကြီးမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပေမဲ့၊ တစ်ဖက်မှာလည်း တစ်နိုင်ငံလုံးရဲ့ ရေလှောင်ပမာဏဟာ စိုးရိမ်ရတဲ့အဆင့်အထိ ကျဆင်းနေတယ်လို့ အမျိုးသားရေအရင်းအမြစ်ရုံး (ONWR) က သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမှန်တကယ်သုံးစွဲလို့ရတဲ့ ရေပမာဏဟာ ၃၉ ရာခိုင်နှုန်း (ကုဗမီတာ ၂၂,၀၆၁ သန်း) သာ ကျန်ရှိတော့တာပါ။ အထူးသဖြင့် ထိုင်းအလယ်ပိုင်းဒေသမှာ သုံးစွဲနိုင်တဲ့ရေ ၃၂ ရာခိုင်နှုန်းနဲ့ အရှေ့ပိုင်းဒေသမှာ ၃၆ ရာခိုင်နှုန်းသာ ကျန်တော့လို့ အခြေအနေ တော်တော်လေး စိုးရိမ်ရနေပါတယ်။ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာတော့ ၆၀ ရာခိုင်နှုန်းကျော် ကျန်ရှိနေသေးလို့ အနည်းငယ်သက်သာတယ်လို့ ဆိုရပါမယ်။ကျွမ်းကျင်သူတွေရဲ့ သတိပေးချက်အရ အယ်လ်နီညို (El Niño) ရာသီဥတုသက်ရောက်မှုကြောင့် ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားမှုဟာ နောက်ထပ် ၂ နှစ်ကနေ ၃ နှစ်အထိ ကြာမြင့်နိုင်ပြီး ၂၀၂၇ ခုနှစ်မှာ အဆိုးရွားဆုံး ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။



