ထိုင်းနိုင်ငံရဲ့လမ်းတွေမှာ တစ်ရက်ကို လူအယောက် ၅၀ လောက် သေဆုံးနေပြီး ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းတွေထဲမှာ ပါဝင်တယ်လို့ WHO ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ယာဉ်မောင်းတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြဖို့ ထိုင်းခရီးသည်တွေက တိုက်တွန်းခဲ့ပါတယ်။ မေ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားကို ရထားဝင်တိုက်မှုကြောင့် လူ ၈ ယောက် သေဆုံးခဲ့ပြီးနောက် ထိုင်းနိုင်ငံခရီးသည်တွေက အခုလို တိုက်တွန်းခဲ့တာပါ။ ရထားလမ်းကူးမှာ ကားနဲ့ ဆိုင်ကယ်တွေ ပိတ်နေချိန် ကုန်တင်ရထားက ဝင်တိုက်ခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးခဲ့ပြီး ၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပို့ဆောင်ရေးဒုဝန်ကြီးက ပြောထားပါတယ်။ ၂၀၂၁ ခုနှစ် WHO ရဲ့ ခန့်မှန်းချက်အရ လမ်းပေါ်မှာ သေဆုံးသူ ၁၈,၂၁၈ ယောက်ရှိလို့ တနေ့ကို ပျမ်းမျှ လူ အယောက် ၅၀ သေဆုံးနေတယ်လို့ သိရပါတယ်။ 
| 18 | 0 | 0 | 0 |


