back

အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

May 17 • 3:52 PM

breaking-news

Myanmar

Yangon

cover

အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွ...

အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပသည်။ထို့နောက် Men’s Juniors Bodybuilding Under 21 years ပြိုင်ပွဲတွင် ပထမ မလေးရှား၊ ဒုတိယမြန်မာ၊ တတိယ ဗီယက်နမ်၊ Men’s Senior Bodybuilding 55kg ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ မြန်မာ၊ တတိယ မြန်မာ၊ Men’s Senior Bodybuilding 60kg ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ မြန်မာ၊ တတိယဗီယက်နမ်၊ Men’s Senior Bodybuilding 65kg ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ ထိုင်း၊ တတိယဗီယက်နမ်၊ Men’s Senior Bodybuilding 70kg ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ မလေးရှား၊ တတိယ မြန်မာ ၊ Men’s Master Bodybuilding Over 45 years ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ ဖိလစ်ပိုင်၊ တတိယ မြန်မာ ၊ Men’s Sports Physique Up to 170 cm ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ ထိုင်း၊ တတိယ မလေးရှား၊ Men’s Sports Physique over 170 cm ပြိုင်ပွဲတွင် ပထမ ထိုင်း၊ ဒုတိယ မြန်မာ၊ တတိယလာအို၊ Men’s Fitness Physique One open Category ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ ဗီယက်နမ်၊ တတိယဗီယက်နမ်၊ Women’s Fitness Physique One open Category ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ မြန်မာ၊ တတိယ ဗီယက်နမ်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့က တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် Trophy တို့ကို ပေးအပ်သည်။



news-view-count-icon

24