back

မိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးဖမ်းဆီးရမိမှု

May 17 • 3:53 PM

breaking-news

Myanmar

Shan

cover

မိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးဖမ်းဆီးရမိမှု

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းရှူး-မိုင်းစံဒေသ၊ သံလွင်မြစ်အနောက်ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု...

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းရှူး-မိုင်းစံဒေသ၊ သံလွင်မြစ်အနောက်ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ရာ မေ ၁၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် မိုင်းရှူးမြို့၏ အရှေ့တောင်ဘက် ၂၆ ကီလို မီတာခန့်အကွာ၊ လွယ်ဆောင်ထောက်ကျေးရွာ၏ အရှေ့တောင် ဘက် ၁၁ ကီလိုမီတာခန့် သံလွင်မြစ်အနီး၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦးအား ဖမ်းဆီးရမိခဲ့သည်။အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တစ်ဖွဲ့သည် သံလွင်မြစ်ကမ်းတစ် လျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် မိုင်းစံမြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာခန့်အကွာ၊ ဟိုပုံရွာ၏ အရှေ့ဘက် ၉ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖျက်ဆီးထားသော အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ အိပ်စင်ပါ လူနေဆောင် နှစ်လုံး၊ အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ လုပ်ငန်းသုံးတဲတစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ဝါးတဲ ၃၀၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ စားချက်ဆောင်တစ်လုံးတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။


news-view-count-icon

25