back

မုတ်သုံရာသီမတိုင်မီ ပုသိမ်ကြီးရှိ ပဋိပက္ခဒဏ်ခံ မိသားစု (၆၀၀) ကျော်ကို ICRC က အရေးပေါ်ကူညီပစ္စည်းများ ထော က်ပံ့

May 16 • 6:32 AM

breaking-news

Myanmar

Mandalay

cover

မုတ်သုံရာသီမတိုင်မီ ပုသိမ်ကြီးရှိ ပဋိပက္ခဒဏ်ခံ မိသားစု (၆၀၀) ကျော်ကို ICRC က အရေးပေါ်ကူညီပစ္စည်းများ ထော က်ပံ့

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရပြီးနောက် ပြန်လည်အခြေချနေ ထိုင်နေသည့် အိမ်ထောင်စု (၆၈၅) စုအတွက် လာမည့် မုတ်သုံရာသီ...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရပြီးနောက် ပြန်လည်အခြေချနေ ထိုင်နေသည့် အိမ်ထောင်စု (၆၈၅) စုအတွက် လာမည့် မုတ်သုံရာသီအမီ ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က အခြေခံလူသုံးကုန်ပစ္စည်းများ ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ပဋိပက္ခဒဏ်ခံခဲ့ရသည့် ကျေးရွာများရှိ ဒေသခံမိသားစုများသည် နေ့စဉ်ဘဝ ပြန်လည်ထူထောင်ရေးတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသဖြင့် အဆိုပါမိသားစုများ မိုးမရွာသွန်းမီ အချိန်မီ အမိုးအကာ ပြင်ဆင်နိုင်ရန်နှင့် အခြေခံနေထိုင်မှု အဆင်ပြေစေရန် ICRC မန္တလေးရုံးခွဲက ကွင်းဆင်းထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

news-view-count-icon

26