back

မြန်မာအမျိုးသမီး လိဂ်ရာသီသစ်အတွက် မြဝတီအသင်း ပြင်ဆင်မှုစတင်၊ ကစားသမားဟောင်းများကို စာချုပ်သစ် ချုပ်ဆို

May 16 • 6:33 AM

breaking-news

Myanmar

Local

cover

မြန်မာအမျိုးသမီး လိဂ်ရာသီသစ်အတွက် မြဝတီအသင်း ပြင်ဆင်မှုစတင်၊ ကစားသမားဟောင်းများကို စာချုပ်သစ် ချုပ်ဆို

လာမည့် ၂၀၂၆ -၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် (Myanmar Women's League) တွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရန်အတွက် မြဝတီအမျိုးသမီးဘောလုံးအသင်းသည် အသင်း၏ အဓ...

လာမည့် ၂၀၂၆ -၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် (Myanmar Women's League) တွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရန်အတွက် မြဝတီအမျိုးသမီးဘောလုံးအသင်းသည် အသင်း၏ အဓိက ကစားသမားဟောင်းများကို စာချုပ်အသစ်ပြန်လည်ချုပ်ဆိုကာ ပြင်ဆင်စုဖွဲ့မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။မြဝတီအသင်းသည် ပြီးခဲ့သည့် ၂၀၂၅- ၂၀၂၆ ရာသီတွင် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသကာ ကြိုးစားပေးခဲ့သည့် ကစားသမားများကို ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် ယခုကဲ့သို့ စာချုပ်သက်တမ်းတိုးခြင်းဖြစ်သည်ဟုဆိုသည်။အဆိုပါ ကစားသမားကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းသည် လာမည့်ရာသီသစ်တွင် အသင်းရှေ့ဆက်ရမည့် ခရီးလမ်းအောင်မြင်မှုများအတွက် အင်အားတစ်ရပ် ဖြစ်လာလိမ့်မည်ဟုလည်း မြဝတီအသင်းက ပြောကြားထားသည်။ လက်ရှိတွင် မြဝတီအမျိုးသမီးဘောလုံးအသင်းသည် ရာသီသစ်တွင် အကောင်းဆုံးရလဒ်များ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

news-view-count-icon

45