မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် မိုးရာသီကာလ သုံးလကြာ ငါးဖမ်းဆီးခွင့် ပိတ်သိမ်းထားသည့်အချိန်တွင် ပြည်တွင်းပင်လယ်စာဈေးကွက်အတွင်း လတ်ဆတ်သော ပင်လယ်ငါးအဝင် လျော့နည်းလာခြင်းကြောင့် အေးခဲပင်လယ်စာများ ဝယ်လိုအား သိသိသာသာ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ နှစ်စဉ် မိုးရာသီကာလတွင် ငါးသားပေါက်ရာသီဖြစ်သည့်အတွက် ငါးသယံဇာတ မပြုန်းတီးစေရန် ပင်လယ်ငါးဖမ်းဆီးမှုများကို ကန့်သတ်ထားလေ့ရှိပြီး ယင်းကာလအတွင်း ပြည်တွင်းဈေးကွက်တွင် မွေးမြူရေးငါးများနှင့် အအေးခန်းသိုလှောင်ထားသည့် အေးခဲပင်လယ်ငါးများကို အဓိက အားထားစားသုံးလာကြခြင်းဖြစ်သည်။ လက်ရှိဈေးကွက်အတွင်း ငါးမြစ်ချင်း၊ ငါးတန်၊ ကန်စွန်းငါး စသည့် ရေချိုမွေးမြူရေးငါးများအပြင် အေးခဲထားသည့် ပင်လယ်ငါး၊ ပုစွန်၊ ပြည်ကြီးငါးများလည်း ရောင်းအားကောင်းနေပြီး အထူးသဖြင့် အသားလွှာပြီးသား ငါးအသားတုံးများနှင့် အေးခဲပုစွန်များမှာ လူကြိုက်များနေကြောင်း သိရသည်။



