စစ်ကိုင်းတိုင်းဒေသကြီးထွက် ကျောက်မီးသွေးကို ၂၀၂၆ - ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တန်ချိန် (၂၄၀,၀၀၀)ကျော်ထုတ်လုပ်ရန် လျာထားကြောင်းစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၆ -၂၀၂၇ ခုနှစ်ဘဏ္ဍာရေးနှစ်၊ ကျောက်မီးသွေး လျာထားချက် ပြည့်မီအောင်ထုတ်လုပ်သယ်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၄)ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပရာစစ်ကိုင်း
တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်းအဖွင့် အမှာစကားပြောရာတွင် ထည့်သွင်းပြောကြားသည်။


