back

ထိုင်းနိုင်ငံတွင် ဟန်တာဗိုင်းရပ်စ်ကို ၁၄ ခုမြောက် အန္တရာယ်ရှိကူးစက်ရောဂါအဖြစ် သတ်မှတ်

May 16 • 5:57 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် ဟန်တာဗိုင်းရပ်စ်ကို ၁၄ ခုမြောက် အန္တရာယ်ရှိကူးစက်ရောဂါအဖြစ် သတ်မှတ်

ထိုင်းနိုင်ငံ အမျိုးသားကူးစက်ရောဂါကော်မတီ (NCDC) သည် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကို အန္တရာယ်ရှိကူးစက်ရောဂါအဖြစ် သတ်မှတ်ရန် မေလ ၁၅ ရက်တွင် အတည်ပြုလိုက်ပါသည်။ ...

ထိုင်းနိုင်ငံ အမျိုးသားကူးစက်ရောဂါကော်မတီ (NCDC) သည် ဟန်တာဗိုင်းရပ်စ် (Hantavirus) ကို အန္တရာယ်ရှိကူးစက်ရောဂါအဖြစ် သတ်မှတ်ရန် မေလ ၁၅ ရက်တွင် အတည်ပြုလိုက်ပါသည်။ အဆိုပါဗိုင်းရပ်စ်သည် ထိုင်းနိုင်ငံ၏ အထူးသတိပြုရမည့် အန္တရာယ်ရှိကူးစက်ရောဂါစာရင်းတွင် ၁၄ ခုမြောက်အဖြစ် ပါဝင်လာပြီး၊ ရောဂါရှိသူနှင့် ထိတွေ့ခဲ့သည့် ကူးစက်နိုင်ခြေမြင့်မားသူများကို ၄၂ ရက်ကြာ အသွားအလာကန့်သတ်စောင့်ကြည့် (Quarantine) သွားမည်ဖြစ်ကြောင်း သိရသည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားနာကျင်ခြင်းတို့ဖြစ်ပြီး ပြင်းထန်ပါက အဆုတ်ရောင်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် သေဆုံးသည်အထိ ဖြစ်နိုင်သဖြင့် ကြွက်များနှင့် ထိတွေ့ဖူးပြီး ရောဂါလက္ခဏာပြပါက ဆေးကုသမှု ချက်ချင်းခံယူရန် ကျန်းမာရေးတာဝန်ရှိသူများက တိုက်တွန်းထားပါသည်။

news-view-count-icon

24