ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀)/တောင်ရပ်ကွက်၊ သန်လျင်-ချင်းကပ်လမ်းတွင် မေလ ၁၆ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ဗိုလ်တထောင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သော်သာအရန်မီးသတ်အထောက်အကူပြုယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ သန်လျင်-ချင်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ
May 16 • 5:58 AM
Myanmar
Yangon
Share
| 22 | 0 | 0 | 0 |


