back

တရုတ်ကားများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်လာမှုကို တားဆီးရန် ကားကုမ္ပဏီများ ထရမ့်ကို တိုက်တွန်း

May 16 • 5:56 AM

breaking-news

China

Local News

cover

တရုတ်ကားများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်လာမှုကို တားဆီးရန် ကားကုမ္ပဏီများ ထရမ့်ကို တိုက်တွန်း

တရုတ်ကားထုတ်လုပ်သူများ အမေရိကန်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပါက ပြည်တွင်းကားလုပ်ငန်းကွင်းဆက် တစ်ခုလုံး ပြိုလဲသွားနိုင်သဖြင့် ၎င်းတို့ကို ဝင်ရောက်ခွင့်မပေးရန် အမေ...

တရုတ်ကားထုတ်လုပ်သူများ အမေရိကန်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပါက ပြည်တွင်းကားလုပ်ငန်းကွင်းဆက် တစ်ခုလုံး ပြိုလဲသွားနိုင်သဖြင့် ၎င်းတို့ကို ဝင်ရောက်ခွင့်မပေးရန် အမေရိကန်ကားထုတ်လုပ်သူများက သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား တိုက်တွန်းနှိုးဆော်နေကြသည်။ အမေရိကန်ကားထုတ်လုပ်သူများအသင်း (AAM) ဥက္ကဋ္ဌ စကော့ပေါလ်က တရုတ်၏ ပိုလျှံထုတ်လုပ်ထားသော ကားများ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကို စိုးရိမ်ကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်မှတစ်ဆင့် သတိပေးခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိ ဘိုင်ဒန်အစိုးရက တရုတ်လျှပ်စစ်ကားများအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကန့်သတ်ထားသော်လည်း၊ ဒေါ်နယ်ထရမ့်က တရုတ်ကားကုမ္ပဏီများ အမေရိကန်တွင် လာရောက်စက်ရုံထောင်ခြင်းကို လမ်းဖွင့်ပေးနိုင်ကြောင်း ပြောဆိုမှုများရှိနေသဖြင့် ကားကုမ္ပဏီများက ယခုကဲ့သို့ ဝိုင်းဝန်းတိုက်တွန်းလာကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

25