ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကိုရာကူရန်ခန်းမ၌ မေလ ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့သည့် Knock Out-64 တိုက်ခိုက်ရေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာဖိုက်တာ သုံးဦးစလုံး ရှုံးနိမ့်ခဲ့ပါသည်။ အဓိကခေါင်ပွဲအဖြစ် ထိုးသတ်ခဲ့သည့် စူပါရေချမ်းသည် ထိုင်းဖိုက်တာ ကောင်နာပါကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သလို၊ စောဘဟိန်းမှာလည်း ဂျပန်ဖိုက်တာ ယိုအာရှီဂီမိုရီ၏ အလဲထိုးခြင်းကို ခံခဲ့ရပါသည်။ အလားတူ ဒန်းမိုက်သွေးမှာလည်း ဂျပန်ဖိုက်တာ ဝါတာနာဘေးကို အမှတ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဖိုက်တာများသည် ၃ မိနစ်၊ ၃ ချီ မွေထိုင်းစည်းမျဉ်းဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Knock Out ပရိုမိုးရှင်းက ကြီးမှူးကျင်းပသည့် ယင်းပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်ခဲ့ကြောင်း သိရပါသည်။
May 16 • 5:55 AM
Myanmar
International
Share
| 26 | 0 | 0 | 0 |


