back

လောင်းကစားဝိုင်းများ ပိတ်သိမ်းရန် မေးခွန်းထုတ်ရန်ပျက်ကွက်သည့် မွန်ပြည်နယ်အမတ်များ ဝေဖန်ခံနေရ

May 16 • 5:54 AM

breaking-news

Myanmar

Mon

cover

လောင်းကစားဝိုင်းများ ပိတ်သိမ်းရန် မေးခွန်းထုတ်ရန်ပျက်ကွက်သည့် မွန်ပြည်နယ်အမတ်များ ဝေဖန်ခံနေရ

မွန်ပြည်နယ်အတွင်း  တရားဝင်ပါမစ်များဖြင့် ခွင့်ပြုထားသည့် လောင်းကစားဝိုင်းများကြောင့် ခိုးဆိုးလုယက်မှုနှင့် လူမှုရေးပြဿနာများ ဆိုးရွားလာသော်လည်း ယင်းတို့ကို ပိတ်...

မွန်ပြည်နယ်အတွင်း  တရားဝင်ပါမစ်များဖြင့် ခွင့်ပြုထားသည့် လောင်းကစားဝိုင်းများကြောင့် ခိုးဆိုးလုယက်မှုနှင့် လူမှုရေးပြဿနာများ ဆိုးရွားလာသော်လည်း ယင်းတို့ကို ပိတ်သိမ်းရန် တောင်းဆိုရဲခြင်းမရှိသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ဒေသခံများက "ရုပ်သေးရုပ်အမတ်များ" ဟု ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြသည်။ ၂၀၂၄ ခုနှစ်မှစ၍ မြို့နယ်အလိုက် လောင်းကစားဝိုင်းများ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဒေသခံ ၁၀ ဦးတွင် ၉ ဦးမှာ ယင်းဝိုင်းများ ပိတ်သိမ်းရန် ဆန္ဒရှိနေကြသဖြင့် လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အမတ်များအနေဖြင့် မေးခွန်းထုတ်ရန် သို့မဟုတ် အဆိုတင်သွင်းရန် လိုလားနေကြသည်။ မွန်ပြည်နယ်ရှိ ရွေးကောက်ခံအမတ် ၅ ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်ဦးမျှ ဖြေဆိုခြင်းမရှိဘဲ ရှောင်လွှဲခဲ့ကြကြောင်း သိရသည်။

news-view-count-icon

35