back

မကွေးတိုင်း၊မင်းဘူးမြို့မဈေး၌ အဆင့်မြင့်ဈေးဆိုင်ခန်းများ စတင်ဖွင့်လှစ်

May 15 • 1:21 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊မင်းဘူးမြို့မဈေး၌ အဆင့်မြင့်ဈေးဆိုင်ခန်းများ စတင်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အဆင့်မြှင့်ဈေးကြီးတစ်ခု ပေါ်ထွက်လာ စေရန် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာဆောက်လုပ်ရေးကုမ္ပ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အဆင့်မြှင့်ဈေးကြီးတစ်ခု ပေါ်ထွက်လာ စေရန် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာဆောက်လုပ်ရေးကုမ္ပဏီလိမိ တတ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် အဆင့်မြင့်ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီး၍ မေ ၁၄ ရက် နံနက် ၈ နာရီအချိန်က အဆိုပါဈေး၌ စတင်ဖွင့်လှစ်ပေးခဲ့ကာ အဆင့်မြင့်ဈေးဆိုင်ခန်း အသစ်များ ဆောက်လုပ်ရောင်းချမှုမှ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁,၅၀၀ ကျော် ရရှိ ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ဈေးဖွင့်ပွဲအခမ်းအနားတွင် မင်းဘူးမြို့မဈေး အဆင့်မြင့်ဈေးဆိုင်ခန်း(၅၈)ခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း၊ ဈေးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခြင်း၊ ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ ဆောက်လုပ်ရေးကုမ္ပဏီမှ ဈေးဆိုင်ခန်းများ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဆိုင်ခန်းပိုင်ရှင်များထံ ဆိုင်ခန်းမှတ်ပုံတင်စာအုပ်နှင့် ဆိုင်ခန်းသောပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆင့်မြင့်ဈေးဆိုင်ခန်းသစ်များ ဖွင့်လှစ်ရောင်းချပေးနေမှု အခြေအနေများကို လှည့်လည်ကြည်ရှု စစ်ဆေးခဲ့သည်။

news-view-count-icon

47