back

ထိုင်ဝမ်ရေလက်ကြားကို ကာကွယ်ထိန်းသိမ်းခြင်းက တရုတ်-အမေရိကန် နှစ်ဖက်၏ အကြီးဆုံး ဘုံဆခွဲကိန်းဖြစ်သည်ဟု ရှီကျင့်ဖိန် ပြောကြား

May 15 • 1:22 AM

breaking-news

China

Local News

cover

ထိုင်ဝမ်ရေလက်ကြားကို ကာကွယ်ထိန်းသိမ်းခြင်းက တရုတ်-အမေရိကန် နှစ်ဖက်၏ အကြီးဆုံး ဘုံဆခွဲကိန်းဖြစ်သည်ဟု ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မေ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မေ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ထိုင်ဝမ်အရေးကိစ္စသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးဆုံးကိစ္စဖြစ်ကြောင်း၊ ကိုင်တွယ်စီမံမှုကောင်းမွန်လျှင် နှစ်နိုင်ငံဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းထားနိုင်မည် ဖြစ်ပြီး ကိုင်တွယ်စီမံမှု ကောင်းမွန်ခြင်းမရှိပါက နှစ်နိုင်ငံအနေဖြင့် ပွတ်တိုက်မှုသာမက ပဋိပက္ခအထိပါ ဖြစ်ပွားနိုင်ရာ တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ်လုံးက အလွန်အန္တရာယ်များသော အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” နှင့် ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးသည် မီးနှင့်ရေပမာ အတူယှဉ်တွဲ၍ မရကြောင်း၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်းက တရုတ်-အမေရိကန် နှစ်ဖက်၏ အကြီးဆုံး ဘုံဆခွဲကိန်းဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

news-view-count-icon

13