မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေ့သည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ် ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားရန်ရှိကြောင်း ဒေသခံနှင့် မွန်သံဃာတော်များ၏ ပြောပြချက်များအရ သိရသည်။ မုဒုံမြို့နယ်တွင် မူလတန်းအဆင့် ကျောင်း ၂ ကျောင်း၊ ရေးမြောက်ပိုင်းတွင် မူလတန်းကျောင်း ၁ ကျောင်း၊ ပေါင်မြို့နယ်တွင် မူလတန်းကျောင်း ၁ ကျောင်းတို့ မွန်အမျိုးသားပညာရေးကော်မတီ MNEC ဌာနအောက်တွင် ကျောင်းဖွင့်လှစ်သွားရန်ရှိသည်။ဖွင့်လှစ်သွားမည့် မွန်အမျိုးသားကျောင်းအသစ်များ၌ ဆရာ၊ဆရာမ အင်အားခန့်အပ်နိုင်ရေးအတွက် စိန်ခေါ်မှုရှိနိုင်သာ်လည်း မွန်အမျိုးသားကျောင်းဖွင့်လှစ်နိုင်ရေးကို ကနဦး ဦးစားပေးပြီး လိုအပ်သည့် ဆရာ၊ဆရာမ အင်အားများကို ထပ်မံဖြည့်ဆည်းသွားမည်ဟု ကျောင်းဆောက်လုပ်ရေးတွင် ဦးဆောင်ပါဝင်သည့် ရေးမှ သံဃာတော်တစ်ပါးက ဆိုသည်။



