၂၀၂၆ ခုနှစ်အတွင်း ကျရောက်မည့် Eid Al Adha ပွဲတော်အတွက် ဒူဘိုင်းအစိုးရဝန်ထမ်းများသည် သီတင်းပတ်ကုန်ပိတ်ရက်များအပါအဝင် စုစုပေါင်း ၉ ရက်ကြာ ရှည်လျားသော အားလပ်ရက်ကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် မေလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရပြီး နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုများအရ Eid Al Adha ပွဲတော်သည် ဇွန်လလယ်ပိုင်းတွင် ကျရောက်မည်ဖြစ်ကာ အစိုးရဝန်ထမ်းများအတွက် အားလပ်ရက်ကို ဇွန်လ ၁၂ ရက် သောကြာနေ့မှ စတင်၍ ဇွန်လ ၂၀ ရက် စနေနေ့အထိ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရကာ ဤကဲ့သို့ ရှည်လျားသော အားလပ်ရက်သည် ဝန်ထမ်းများအား မိသားစုများနှင့်အတူ ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်နှင့် ပြည်တွင်းခရီးသွားလာမှုကဏ္ဍကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည့်အပြင် ပုဂ္ဂလိကကဏ္ဍအတွက် အားလပ်ရက်ကိုမူ လူ့စွမ်းအားအရင်းအမြစ်နှင့် ယူအေအီးနိုင်ငံတော်ဝန်ကြီးဌာန (MOHRE) က နောက်ထပ်တရားဝင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
May 14 • 7:52 AM
UAE
Local News
Share
| 17 | 0 | 0 | 0 |


