back

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျစ်ပြည်နယ်ခွဲ ရှီချွီးခရိုင်တွင် နှင်းကျားသစ် ပေါ်ထွက်လာ

May 14 • 1:34 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျစ်ပြည်နယ်ခွဲ ရှီချွီးခရိုင်တွင် နှင်းကျားသစ် ပေါ်ထွက်လာ

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျစ်ပြည်နယ်ခွဲ ရှီချွီးခရိုင်ရှိ မီတာ ၄,၃၀၀ ခန့်ရှိသည့် တောင်တန်းကျောက်ဆောင်များကြား၌ ဓာတ်ပုံဆရာက မေ ၁၂ ရက်တွင် နှင်းကျားသစ် ၃ ...


တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျစ်ပြည်နယ်ခွဲ ရှီချွီးခရိုင်ရှိ မီတာ ၄,၃၀၀ ခန့်ရှိသည့် တောင်တန်းကျောက်ဆောင်များကြား၌ ဓာတ်ပုံဆရာက မေ ၁၂ ရက်တွင် နှင်းကျားသစ် ၃ ကောင်၏ အဖိုးတန်သော ပုံရိပ်ကို အမိအရ ရိုက်ကူးမိခဲ့သည်။ အဆိုပါမြင်ကွင်းမှာ နှင်းကျားသစ်မိခင်က သားပေါက် နှစ်ကောင်အား ခေါ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသတွင်း မွေးမြူရေးလုပ်ကိုင်သူများ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။နှင်းကျားသစ်သည် “နှင်းတောင် တောဘုရင်” ဟု တင်စားခေါ်ဝေါ်ခံရပြီး တရုတ်နိုင်ငံ အမျိုးသား ပထမအဆင့် ကာကွယ်စောင့်ရှောက်သော တောရိုင်းတိရစ္ဆာန်ဖြစ်သည်။ ၎င်းတို့သည် အဓိကအားဖြင့် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၊ ရှီးဇန့်ဒေသ၊ ချင်းဟိုင်ပြည်နယ်၊ ကန်းစုပြည်နယ်၊ စီချွမ်းပြည်နယ်၊ ယူနန်ပြည်နယ် စသည့် အနောက်ပိုင်း ကုန်းမြင့်တောင်တန်းဒေသများ၌ ဖြန့်ကြက်တည်ရှိပြီး ၎င်းတို့အရေအတွက်ပမာဏ ပြောင်းလဲမှုသည် ဒေသတွင်းဂေဟကွင်းဆက် ကောင်းမွန်မှုအခြေအနေအား ဖော်ပြနေသည့် အရေးကြီးအညွှန်းကိန်း ဖြစ်ပေသည်။

news-view-count-icon

16