ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား လမ်းမကြီးတလျှောက် လမ်းအခြေအနေ ဆိုးရွားနေမှုနှင့် လမ်းပြုပြင်မှုများကြောင့် ယာဉ်များသွားလာရေး အခက်အခဲများ ကြုံတွေ့နေ ကြကြောင်း စုံစမ်းသိရသည်။အဆိုပါ ကျိုင်တုံး – မိုင်းဖြတ်ကြား ကားလမ်းမကြီးနှင့် မိုင်းပျဉ်းတောင်တက်လမ်းများသည် မိုးတွင်းကာလအတွင်း လမ်းပျက်စီးမှုများ၊ လမ်းချော်မှုများနှင့် တောင်ပြိုမှုများ ဖြစ်ပေါ်နေသဖြင့် ခရီးသွားလာရန် ခက်ခဲနေကြောင်း တာချီလိတ်မြို့နေ ကုန်ကားသမား ကိုစိုင်းက ပြောသည်။လက်ရှိတွင် ကျိုင်းတုံ- မိုင်းဖြတ်ကြား လမ်းမကြီး နှင့် မိုင်းပျဉ်းတောင်တက်လမ်းပိုင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြုပြင်နေသော်လည်း၊မိုးတွင်းကာလ ဖြစ်သည့်အတွက် သွားလာရေး အဆင်မပြေသေးကြောင်း တာချီလိတ်ကားသမားများက ပြောသည်။
May 14 • 1:33 AM
Myanmar
Shan
Share
| 31 | 0 | 0 | 0 |


