back

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုရှိ "ဝါးအလယ်ကျွန်း"သို့ ဥရောပခရီးသွားများ အများဆုံးဝင်ရောက်

May 14 • 1:21 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုရှိ "ဝါးအလယ်ကျွန်း"သို့ ဥရောပခရီးသွားများ အများဆုံးဝင်ရောက်

မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးသွားဒေသတစ်ခုဖြစ်သည့် တနင်္သာရီတိုင်း၊မြိတ်ကျွန်းစုအတွင်းရှိ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းမှ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ယခုခ...

မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးသွားဒေသတစ်ခုဖြစ်သည့် တနင်္သာရီတိုင်း၊မြိတ်ကျွန်းစုအတွင်းရှိ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းမှ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ယခုခရီးသွားရာသီအတွင်း ဥရောပနိုင်ငံများမှ နိုင်ငံခြားသားခရီးသွားများ အများအပြား လာရောက်အပန်းဖြေခဲ့ကြကြောင်း သိရသည်။ယခုနှစ် ခရီးသွားရာသီအတွင်း ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနှင့် ချက်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်ခဲ့ကြပြီး၊ ၎င်းတို့အနက် ဂျာမနီနိုင်ငံသားများမှာ အများဆုံးဖြစ်ကာ ရုရှားနှင့် အမေရိကန်နိုင်ငံသားများမှာ ဒုတိယနှင့် တတိယအများဆုံး ဖြစ်ကြသည်။ ခရီးသွားများသည် မြိတ်ကျွန်းစု၏ ပင်လယ်ပြင်သဘာဝအလှအပများ၊ ရှားပါးဇီဝမျိုးစိတ်များ၊ သဘာဝအတိုင်း ထိန်းသိမ်းထားသည့် သန္တာကျောက်တန်းများနှင့် ဒီရေရောက်တောများကို စိတ်ဝင်တစား လာရောက်လေ့လာကြခြင်း ဖြစ်သည်။ဝါးအလယ်ကျွန်း တည်ရှိရာ လန်ပိကျွန်းကို ၁၉၉၆ ခုနှစ်တွင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသောကြောင့် ကမ္ဘာလှည့်ခရီးသွားများအကြားတွင် ထင်ရှားကျော်ကြားသော ဒေသတစ်ခု ဖြစ်လာခဲ့ကြောင်း သတင်းရရှိသည်။

news-view-count-icon

50