back

လှိုင်သာယာမှာ အားသွင်းလျှပ်စစ်မီးလုံး အားသွင်းရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးပျက်ဆီး

May 13 • 4:59 PM

breaking-news

Myanmar

Yangon

cover

လှိုင်သာယာမှာ အားသွင်းလျှပ်စစ်မီးလုံး အားသွင်းရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးပျက်ဆီး

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ အနော်ရထာလမ်းနဲ့ ပုသိမ်လမ်းထောင့်မှာ မေလ ၁၂ ရက် မနက် ၁ နာရီက လူမရှိဘဲ မီးလုံးအားသွင်းထားရာကနေ မီ...

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ အနော်ရထာလမ်းနဲ့ ပုသိမ်လမ်းထောင့်မှာ မေလ ၁၂ ရက် မနက် ၁ နာရီက လူမရှိဘဲ မီးလုံးအားသွင်းထားရာကနေ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံး မီးထဲပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။အနော်ရထာလမ်းနဲ့ ပုသိမ်လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ UK လျှပ်စစ်ဆိုင်ပိုင်ရှင်က ညဘက်ဆိုင်မှာ အားသွင်းမီးလုံးကို အားသွင်းထားရာမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကာ UK ဘီယာဆိုင်ပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။အဲဒီ မီးလောင်မှုကို လှိုင်သာယာမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး စုစုပေါင်း ၄ စီးနဲ့ ရပ်ကွက်နေပြည်သူတွေနဲ့အတူ မိနစ် ၂၀ အကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။လက်တလောမှာ သောင်ကြီးမြို့မရဲစခန်းက UK လျှပ်စစ်ပစ္စည်းဆိုင်နဲ့ UK ဘီယာဆိုင်ပိုင်ရှင် ဦးချစမ်းမောင်ကို (ပ)အမှတ် ၄၂/၂၀၂၆ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။


news-view-count-icon

34