back

ရှမ်းပြည်နယ်၊မက်မန်း၌ အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၉၀ ဦး ဖမ်းမိ

May 14 • 1:55 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊မက်မန်း၌ အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၉၀ ဦး ဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၉၀ ကို လ...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၉၀ ကို လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီး ရမိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မေ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။မေ ၁၃ ရက်၊ မနက်ပိုင်းမှာ မက်မန်းမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာ သံလွင် မြစ်အနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းတွေ လုပ်ကိုင်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့၊ ၁၉ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့၊ ၂၁ ဦးပါဝင်တဲ့အဖွဲ့တစ်ဖွဲ့နဲ့ ၁၇ ဦးပါဝင်တဲ့အဖွဲ့ တစ်ဖွဲ့တို့ စုစုပေါင်း တရားမဝင်တရုတ်နိုင်ငံသား ၇၅ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခန့်မှာ အဲဒီ အနီးတစ်ဝိုက်မှာပဲ တရားမဝင် တရုတ်နိုင်ငံသား ၁၅ ဦးကို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း တရားမဝင် တရုတ်နိုင်ငံသား အယောက် ၉၀ ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ဒါ့အပြင် ဖမ်းဆီးရမိခဲ့တဲ့ နေရာတစ်ဝိုက်ကနေ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ စားဆောင် ၊ လူနေတဲ ၊ ဆန်အိတ်တွေ၊ ဂက်စ်အိုးတွေ၊ ဆိုင်ကယ် ၄ စီး နဲ့ Star Link ၂ လုံးနဲ့အတူ အခြား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေကိုလည်း ရှာ ဖွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

news-view-count-icon

47