ထိုင်းအာဏာပိုင်များသည် နိုင်ငံတွင် တိုးပွားလာနေသော နိုင်ငံခြားရာဇဝတ်မှုလုပ်ငန်းများကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့(အာရ်တီပီ) က တင်ပြထားသော အဆင့်သုံးဆင့်ဖြင့် အရှိန်မြှင့်နှိမ်နင်းရန်နှင့် နိုင်ငံခြားသား အခြေချနေထိုင်မှုကို ကိုင်တွယ်ဖြေရှင်းမည့် ယန္တရားများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆွေးနွေးလျက်ရှိသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် အခြား နိုင်ငံခြားသားများ၏ အခြား တရားမဝင်လုပ်ငန်းဆောင်တာများကို ပပျောက်စေရန် ရည်ရွယ်သည့် အရေးပေါ်သုံးလကြာလှုပ်ရှားမှုအစီအစဉ်အပါအဝင် စီမံချက်များကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီးကစ်ထာရတ် ပွန်ပက်ချ်က အင်္ဂါနေ့တွင် အမိန့်ပေးခဲ့သည်။



