ထိုင်းနိုင်ငံတွင် ကြာသပတေးနေ့မှ နောက်တစ်ပတ် တနင်္လာနေ့အထိ မိုးသည်းထန်စွာမှ အလွန်သည်းသည်းထန်ထန် ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။ နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းလွင်ပြင်၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်မှ အလွန်သည်းထန်စွာ ရွာသွန်းမှုများရှိလာနိုင်သည်ဟု ဌာနညွှန်ကြားရေးမှူးချုပ် ဆန်ဂူညာနီး ယာဗင်ချန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါကာလအတွင်း အထူးသဖြင့် တောင်စောင်းဒေသများ၊ ရေလမ်းကြောင်းများနှင့် မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနိုင်သည်။



