back

မန္တလေးမြို့၌ စက်သုံးဆီဈေးကြီးမြင့်နေချိန် မီးသဂြိုဟ်ခပါဈေးတက်သွားတာကြောင့် အခမဲ့နာရေးအသင်းတွေ အခက်တွေ့ နေ

May 12 • 2:44 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့၌ စက်သုံးဆီဈေးကြီးမြင့်နေချိန် မီးသဂြိုဟ်ခပါဈေးတက်သွားတာကြောင့် အခမဲ့နာရေးအသင်းတွေ အခက်တွေ့ နေ

မန္တလေး၌စက်သုံးဆီဈေးကြီးမြင့်နေချိန်၊ မီးသဂြိုဟ်ခပါဈေးတက်သွားသောကြောင့်၊ အခမဲ့နာရေးကူညီမှုအသင်းများ အခက်တွေ့နေကြကြောင်း မန္တလေးမြို့အခြေစိုက်လူမှုရေးအသင်းများမှ...

မန္တလေး၌စက်သုံးဆီဈေးကြီးမြင့်နေချိန်၊ မီးသဂြိုဟ်ခပါဈေးတက်သွားသောကြောင့်၊ အခမဲ့နာရေးကူညီမှုအသင်းများ အခက်တွေ့နေကြကြောင်း မန္တလေးမြို့အခြေစိုက်လူမှုရေးအသင်းများမှသိရသည်။ စက်သုံးဆီကို၊ ပြင်ပပေါက်ဈေးဖြင့်မဖြစ်မနေ၀ယ်ယူသုံးစွဲနေရချိန်၊ မီးသဂြိုဟ်ခပုံမှန်ထက်ဈေးနှစ်ဆတက် သွား ခြင်းသည်၊ အထူးသဖြင့်အခမဲ့နာရေးကူညီမှုအသင်းများအား၊ ၀န်ထုပ်၀န်ပိုးဖြစ်စေ သည်ဟု ၎င်းတို့ ကဆိုသည်။ နာရေးကိစ္စတစ်ခုလျှင်၊ စက်သုံးဆီဖိုး၊ သုဿန်သို့ပေးရသည့်သဂြိုဟ်စရိတ်၊ သက်ဆိုင်ရာရင်ခွဲရုံမှအလောင်း ထုတ်ယူမှုအတွက်ကုန်ကျစရိတ်အပါအဝင်ပျမ်းမျှ(၂၀၀,၀၀၀)ကျပ်ခန့်အသုံးပြုရကြောင်း သိရသည်။မန္တလေးမြို့တွင်၊ အများနှင့်သက်ဆိုင်သည့်စည်ပင်သာယာပိုင်သုဿန်(၂)ခုရှိပြီး၊ ယခင်က မီးသဂြိုဟ်ခ အတွက် လူကြီး(၁၂,၀၀၀)ကျပ်၊ ကလေး(၆,၀၀၀)ကျပ်နှုန်းယူခဲ့ရမှ၊ မေလ(၉)ရက်နေ့မှစတင်ကာ၊ ဈေးနှစ်ဆ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ (သန့်ရှင်းရေးဌာန)မှသိရသည်။

news-view-count-icon

18