back

ထိုင်းအစိုးရက အဓိက ခရီးသွားနေရာတွေမှာ Nominee လုပ်ငန်းတွေကို နှိမ်နင်းမည်

May 12 • 2:44 AM

breaking-news

Thailand

Local News

cover

ထိုင်းအစိုးရက အဓိက ခရီးသွားနေရာတွေမှာ Nominee လုပ်ငန်းတွေကို နှိမ်နင်းမည်

ထိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD) နဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်းက နိုမီနီ (Nominee) ကုမ္ပဏီတွေကို ပြင်...

ထိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD) နဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံအတွင်းက နိုမီနီ (Nominee) ကုမ္ပဏီတွေကို ပြင်းပြင်းထန်ထန် စ-စ်ဆေးအရေးယူသွားမယ်လို့ ၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတွေမှာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားအမည်ခံပြီး လုပ်ကိုင်နေတာတွေကို နှိမ်နင်းဖို့ဖြစ်ပြီး၊ လက်ရှိမှာ စူရတ်ဌာနီ ပြည်နယ်အတွင်းက ကုမ္ပဏီပေါင်း ၁၁,၀၀၀ ကျော်ကို အသေးစိတ်စ-စ်ဆေးနေသလို အန္တရာယ်ရှိတဲ့ ကုမ္ပဏီ ၃၄ ခုကိုလည်း DSI ဆီ လွှဲပြောင်းပေးထားပါတယ်။ဒီစစ်ဆေးမှုတွေကို ကော့ဖငန်းနဲ့ ကော့စမွေကျွန်းတွေမှာ အဓိကစတင်မှာဖြစ်ပြီး နောက်ပိုင်းမှာ ဖူးခက်၊ ခရာဘီ၊ ပတ္တရားနဲ့ ဟွာဟင်း စတဲ့ ကမ္ဘာလှည့်ခရီးသွား အချက်အခြာနေရာတွေကိုပါ တိုးချဲ့ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် နိုမီနီကုမ္ပဏီတွေ ထူထောင်ပေးနေတဲ့ ဥပဒေအကျိုးဆောင်လုပ်ငန်းတွေနဲ့ စာရင်းကိုင်ရုံးတွေကိုလည်း အဓိကပစ်မှတ်ထား အရေးယူသွားမယ့်အပြင် ဘဏ်လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းပြီး ကုမ္ပဏီမှတ်ပုံမတင်ခင်မှာ ရှယ်ယာရှင်တွေရဲ့ ငွေကြေးအရင်းအမြစ်ကိုပါ သေချာစ-စ်ဆေးသွားဖို့ ပြင်ဆင်နေပါတယ်။

news-view-count-icon

23