back

ဂျပန်ထိပ်တန်းသင်္ဘောလုပ်ငန်းကြီး ၃ ခု၏ အမြတ်ငွေ အရှေ့အလယ်ပိုင်းတင်းမာမှုနှင့် လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် လျော့ကျနိုင်ဟု ခန့်မှန်း

May 12 • 2:45 AM

breaking-news

Japan

Local News

cover

ဂျပန်ထိပ်တန်းသင်္ဘောလုပ်ငန်းကြီး ၃ ခု၏ အမြတ်ငွေ အရှေ့အလယ်ပိုင်းတင်းမာမှုနှင့် လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် လျော့ကျနိုင်ဟု ခန့်မှန်း

ဂျပန်နိုင်ငံ၏ ထိပ်တန်းသင်္ဘောလိုင်းကြီးများဖြစ်သော Nippon Yusen (NYK), Mitsui O.S.K. Lines (MOL) နှင့် Kawasaki Kisen Kaisha (K Line) တို့သည် အရှေ့အလယ်ပိုင်းဒေသ...

ဂျပန်နိုင်ငံ၏ ထိပ်တန်းသင်္ဘောလိုင်းကြီးများဖြစ်သော Nippon Yusen (NYK), Mitsui O.S.K. Lines (MOL) နှင့် Kawasaki Kisen Kaisha (K Line) တို့သည် အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် Hormuz ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ငွေများ သိသိသာသာ လျော့ကျနိုင်ကြောင်း ၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီအလိုက် ခန့်မှန်းချက်များအရ NYK အနေဖြင့် အသားတင်အမြတ်ငွေ ၇.၉ ရာခိုင်နှုန်း လျော့ကျကာ ယန်း ၁၉၅ ဘီလီယံ၊ MOL အနေဖြင့် ၂၀.၃ ရာခိုင်နှုန်း လျော့ကျကာ ယန်း ၁၇၀ ဘီလီယံနှင့် K Line အနေဖြင့် ၂၈.၆ ရာခိုင်နှုန်းအထိ လျော့ကျကာ ယန်း ၉၅ ဘီလီယံ ခန့်သာရှိမည်ဟု သိရကာ Nippon Yusen ဥက္ကဋ္ဌ Mr. Takaya Soga က လောင်စာဆီဈေးနှုန်းများသည် ဝင်ငွေအပေါ် များစွာသက်ရောက်မှုရှိနေပြီး ဆီဈေးနှုန်းများ မည်သည့်အချိန်တွင် ပြန်လည်တည်ငြိမ်မည်ကို ခန့်မှန်းရန် ခက်ခဲကြောင်း ပြောကြားခဲ့သည့်အပြင် အဆိုပါသင်္ဘောလိုင်းကြီး ၃ ခုစလုံးသည် ပြီးခဲ့သည့် ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ကုန်သေတ္တာတင်သင်္ဘောများ ပိုမိုများပြားလာခြင်းနှင့် ကုန်စည်သယ်ယူခနှုန်းထားများ ကျဆင်းခြင်းတို့ကြောင့် အမြတ်ငွေ ထက်ဝက်ခန့် လျော့ကျခဲ့ရပြီးဖြစ်ကြောင်း သိရပါသည်။

news-view-count-icon

12