ရွှေတြိဂံဒေသ လာအိုနိုင်ငံပိုင် King Romans ကာစီနိုမြို့အတွင်း မြန်မာနိုင်ငံသား သိန်းနှင့်ချီ သွားရောက်အလုပ်လုပ်ကိုင်နေသော်လည်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် တရားမဝင်အလုပ်သမားအဖြစ် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အလုပ်သမားများထံမှ သိရသည်။MoU လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် အလုပ်သမားအခွင့်အရေးဆုံးရှုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိခြင်းနှင့် အသက်အန္တရာယ်များသည့် ခိုးလမ်းများမှ အသွားအပြန်လုပ်ရခြင်းတို့ ရင်ဆိုင်နေရကြောင်း လာအိုရောက်အလုပ်သမားတစ်ဦးက ပြောသည်။လာအိုနိုင်ငံသို့ မဲခေါင်မြစ်ကို လှေဖြင့်ဖြတ်ကျော်ကာ တရားမဝင် သွားရောက်လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံသားများသည် နှစ်စဉ် မိုးရာသီ မြစ်ရေကြီးချိန်တွင် လှေမှောက်ပြီး အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသော်လည်း နှစ်ဖက်တာဝန်ရှိသူများက တာဝန်ယူမှုမရှိဘဲ လျစ်လျူရှုထားကြသည်ဟု ဝေဖန်ခံနေရသည်။
May 12 • 2:13 AM
Laos
Local News
Share
| 35 | 0 | 0 | 0 |


