back

နေပြည်တော်၌ အခြေခံလူတန်းစားများ၏ ရှင်ပြုအလှူ ယခုနွေရာသီမှာ မရှိသလောက်နည်းပါးလာ

May 12 • 2:34 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်၌ အခြေခံလူတန်းစားများ၏ ရှင်ပြုအလှူ ယခုနွေရာသီမှာ မရှိသလောက်နည်းပါးလာ

ယခုနှစ်နွေရာသီကျောင်းပိတ်ရက်ကာလများတွင်နေပြည်တော်မြို့နယ်ရပ်ကွက်ကျေးရွာများတွင် အ ခြေခံလူတန်းစားများက ပြုလုပ်သည့်ရှင်ပြုအလှူပွဲများမရှိသလောက်ရှားပါးခဲ့ကြောင်း ဒ...


ယခုနှစ်နွေရာသီကျောင်းပိတ်ရက်ကာလများတွင်နေပြည်တော်မြို့နယ်ရပ်ကွက်ကျေးရွာများတွင် အ ခြေခံလူတန်းစားများက ပြုလုပ်သည့်ရှင်ပြုအလှူပွဲများမရှိသလောက်ရှားပါးခဲ့ကြောင်း ဒေသခံများပြောကြား ချက်အရသိရသည်။ ပြီးခဲ့သည့်၂၀၂၅ ခုနှစ်မတ်လ၊မန္တလေးငလျင်ပြီးသည့်နောက်ပိုင်းမှစ၍ရှင်ပြုအလှူအတန်းများနည်းပါး သွားခဲ့ပြီး ယခုနှစ်နွေရာသီတွင်ငွေ ကြေးချမ်းသာသူများပြုလုပ်သည့်အလှူများမှလွဲ၍ အခြေခံလူတန်းစား မိသား စုများမှ ပြုလုပ်သည့်အလှူအတန်းနှင့်စုပေါင်းအလှူများပါမရှိသ လောက်ပါးသွားခဲ့ကြောင်းလည်းပြောသည်။ငလျင်ပြီးနောက်ပိုင်းကာလများတွင်အလုပ်အကိုင်ရှားပါးမှု၊ဝင်ငွေထွက်ငွေမလောက်ငမှု၊ကုန်ဈေး နှုန်းများမြင့်မားမှုများကြောင့်အခြေခံလူတန်းစားများနှင့်အောက်ခြေဝန်ထမ်းများမှာစာဝတ်နေရေးအဆင်မပြေကြပ်တည်းမှုများကြောင့်မိသားစုစားဝတ်နေရေးပင်အနိုင်နိုင်ဖြစ်လာသည့်အတွက်အလှူအတန်းဖက်တွင်အားနည်းသွားရကြောင်းဆိုသည်။

news-view-count-icon

23